collection poster

Mother Goddess

Available
Rounded avatar

Artist Htoo Aung Kyaw

မိခင်တွေမရှိပဲ ဒီကမ္ဘာကြီး ဆိုတာ ရှိလာမည်မဟုတ်ပါ။ မိခင် ကို ခင်တွယ်သူ သားကြီးတစ်ယောက်ဖြစ်တဲ့ Artist Htoo Aung Kyaw ဟာ Mother Goddess series ပန်းချီကားကို ၂၀၁၈ ခုနှစ်မှ စတင်ရေးဆွဲဖြစ်ခဲ့ပြီး ပြင်သစ် အနုပညာရှင် Christine နဲ့ အတူတွဲဖက်ပြသခဲ့ပါသေးတယ် ။ မိခင်တွေရဲ့ တန်ခိုးအင်အားကြီးမားမှု အရင်းအခြေခံကျမှုတို့ကြောင့်လည်း အမိမြေ ( Mother Earth ) လို့ လည်း ခေါ်ဆိုခဲ့ကြသည်မဟုတ်ပါလား ။ Mother Earth ကို တိုင်တည်သောယုံကြည်ကိုးကွယ်မှုများဟာလည်း ကမ္ဘာအရပ်ရပ်ရှိ ဘာသာအမျိုးမျိုးမှာ ရှိခဲ့ကြပါတယ် ။ Mother Goddess အမိမြေနတ်သမီးကို ဗုဒ္ဓဘာသာ / ဟိန္ဒူ ဘာသာ များသာမက အစ္စလမ် ခရစ်ယန် ဘာသာများတွင်လည်း ကိုးကွယ်ကြသလို အာရှ/ ဥရောပ/ အမေရိကတိုက်ပါမကျန် ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုးကွယ်ကြတယ် ဆိုတာကို သမိုင်းအထောက်အထားအရတွေ့ရှိခဲ့ကြတယ် ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာလည်း အမိနတ်သမီး ဖြစ်တဲ့ ပုန်းမကြည်မနတ်ကို ကိုးကွယ်ကြတဲ့ရိုးရာဓလေ့ရှိကြပါတယ် ။ အထူးသဖြင့် မြန်မာနိုင်ငံအလည်ပိုင်း ပုဂံယဉ်ကျေးမှုနယ်မြေတဝိုက် အညာဒေသမှာ ပါ ။ ပုန်းမကြည်နက်ကို အလှုပြုရင်း လယ်ယာမြေ အထွက်တိုး စီးပွါးကောင်းစေဖို့ တောင်းဆုခြွေကြတာမျိုးပြုလုပ်ကြပြီး လှူစရာစားစရာတွေနဲ့ အလွန်ပျော်စရာကောင်းတဲ့ ဓလေ့ပွဲတော်လေးတစ်ခုပါပဲ ။ ပုန်းမကြည်မှောက်တဲ့နေ့ လို့ခေါ်ကြပါတယ်။ အညာသားဖြစ်ပြီး ပုဂံအနီးတဝိုက်မှာ ကြီးပြင်းခဲ့သူ Artist Htoo Aung Kyaw အဖို့တော့ ပုန်းမကြည်မှောက်တဲ့နေ့ဟာ ပျော်စရာအတိနဲ့ ငယ်ဘဝမှာ ဖြတ်သန်းခွင့်ရခဲ့တာပါ ။ ဒါ့ပြင် သူကိုတိုင်လည်း ပုန်းမကြည်မှောက်တဲ့နေ့ တပေါင်းလဆန်း၃ ရက်နေ့မှာ မွေးတာကြောင့် သူ့မွေးနေ့လည်း ဖြစ်နေပြန်ပါတယ် ။ ဒီ mother goddess ပန်းချီကားမှာတော့ မိခင်တွေကို ဂုဏ်ပြုချင်တဲ့ သူ့ရဲ့ စိတ်ရယ် ၊ သူ့အကျွမ်းဝင်လေ့လာပြီး သူ့အနုပညာကတဆင့် ဖော်ထုတ်ချင်တဲ့ မပျောက်ကွယ်လုနီးပါးဖြစ်တဲ့ သမိုင်းအထောက်အထား ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့အတူ သူ့ရဲ့ လွတ်လပ်တဲ့ ငယ်ဘဝ အငွေ့အသက်လေးတွေကို ခံစားခွင့်ရမှာ ဖြစ်ပါတယ် ။ (English Version) There is no world without a mother. Artist Htoo Aung Kyaw, who is so attached to his mom, started the Mother Goddess series in 2018 and showed this work together with France Artist also. The mother goddess is the goddess who represents a personified deification of motherhood, fertility, creation, and destruction. There are beliefs about the mother goddess around the world like quite in Myanmar also. In Myanmar, the spirit quite similar to the mother goddess is Pone Ma Kyi Nat and offering this Nat (spirit) is in March. That is most common in the middle part of Myanmar around the Bagan region. People worship mother earth with the products from their farms, women figure rice flake and money. Then, they pray to enrich themselves more and got more crops. This is one of the special celebrations and is still in the artist's childhood memory. Artist Htoo Aung Kyaw was born exactly at this Pone Ma Kyi ( mother goddess)offering day. The artist saves history and almost hidden culture through his artwork, Mother Goddess.

Related Artworks

logo

A Space of sharing ART for all generations

social iconsocial iconsocial icon

get in touch

Contact us:

+95 976 345 578

admin.kalasa@gmail.com

Location

Our address:

No. 91-93, 1st floor(left),

Seikkantha Street (Lower Block),

Kyauktada Township, Yangon.

© 2019-2023. All Right Reserved by Kalasa Art Space.