Watercolor paintings have a unique ability to evoke memories and histories, capturing the essence of moments long past. What better way to enjoy these masterpieces than on a rainy day, when the world outside mirrors the fluid beauty of watercolor art? At KALASA Art Space, we celebrate the unique vision of each artist, recognizing that they often favor a particular medium to express their creativity. While many have their preferred tools, artists also experiment with different mediums to best capture their chosen subjects. We are proud to present an exhibition featuring the watercolor paintings of esteemed Late Masters such as U Ngwe Gaing, U M Tin Aye, Ramree Tin Shwe, U Marlar, Rahula, Shein, U Aung Than(Mandalay), Than Myint Aung. This collection showcases the diverse styles and techniques of watercolor artists across generations. The exhibition offers a rare opportunity to see how these artists, through their different styles and eras, have left an indelible mark on the art world. Their works, meticulously organized, reveal untold stories and histories, allowing us to reconnect with the past. Don’t miss the chance to immerse yourself in the watercolor works of these great masters. Join us at KALASA Art Space from June 8 to June 16 for an unforgettable experience. တစ်ခေတ်တခါက လွမ်းစရာပန်းချီကားတွေ.. မိုးအေးအေးမှာ အလွမ်းပြေ ရေဆေးပန်းချီကားလေးတွေ ကြည့်ရှုခံစားကြပါစို့.. အနုပညာရှင်တိုင်းမှာ သူတို့အကြိုက်နှစ်သက်ဆုံး၊ အခုံမင်ဆုံး အနုပညာအသုံးပြုခံ ကြားခံပစ္စည်း (medium) တွေ ရှိလေ့စမြဲပါပဲ။ ပန်းချီပညာရှင်တွေထဲမှာလည်း သူတို့ ခုံခုံမင်မင်ရေးဆွဲလေ့ရှိတဲ့ အကြောင်းအရာ၊ သူတို့အပိုင်နိုင်ဆုံးသော ခဲ၊ မှင်၊ ရေဆေး၊ ဆီဆေး စသဖြင့် ကွဲပြားနေတတ်ပါတယ်။ အကြောင်းအရာကိုလိုက်၍သော်လည်းကောင်း၊ အခြေအနေနဲ့ အချိန်အခါကြောင့်သော်လည်းကောင်း ရေးဆွဲတဲ့အခါမှာ အသုံးပြုတဲ့ ကြားခံပစ္စည်းလည်း ကွဲပြားသွားတတ်ကြပါတယ်။ အနုပညာရှင်ဆိုတာ သူတို့ထွက်ခွာသွားကြပေမယ့် သူတို့ရဲ့ ဖန်တီးမှုအနုပညာရပ်များကိုတော့ သူတို့နာမည်နဲ့အတူ ချန်ထားရစ်ခဲ့ကြပါတယ်။ ဒီတခါ အနုပညာတင်ဆက်မှုမှာ တင်ဆက်ပြသချင်တာကတော့ တစ်ခေတ်တခါက လွမ်းစရာပန်းချီကားလေးတွေပါပဲ။ကလသာရဲ့လက်လှမ်းမီသလောက် စုဆောင်းထားသော ဆရာကြီးဦးငွေကိုင်၊ (ဦး)အမ်တင်အေး၊ ရမ်းဗြဲတင်ရွှေ၊ ဦးမာလာ၊ (ဦး)ရာဟုလာ၊ ရှိန်၊ ဦးအောင်သန်း (မန္တလေး)၊ သန်းမြင့်အောင် စသူတို့ရဲ့ ရေဆေးပန်းချီသီးသန့်လေးတွေပါပဲ။ ရေဆေးကားတွေပဲ သီးသန့်ရေးဆွဲလေ့ရှိသော ပန်းချီပညာရှင်များ ပါဝင်သလို၊ မီဒီယမ်အစုံကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်သောဆရာများရဲ့ လွမ်းစရာ ရေဆေးရေးဟန်လေးတွေကိုလည်း ကြည့်ရှုခံစားရကြမှာပါ။ ယခုလည်း ချန်ထားရစ်ခဲ့တဲ့ သူတို့ရဲ့ လွမ်းစရာ ရေဆေးကဗျာလေးတွေကို မိုးအေးအေးမှာ မျှဝေခံစားနိုင်ကြစေဖို့ Late Masters’ Watercolor Memories ပန်းချီကားတွေကို ကလသာပြခန်းမှ တင်ဆက်ပြသလိုက်ရပါတယ်။ ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြသထားမှာဖြစ်လို့ အနုပညာချစ်မြတ်နိုးသူတွေအနေနဲ့ လုံးဝ လက်မလွှတ်သင့်တဲ့ ပြပွဲကောင်းဖြစ်တဲ့အကြောင်း သတင်းပါးလိုပါတယ်။
October 19 to 23, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
September 07 to 11, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
March 27 to 31, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
November 01 to 17, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
December 14 to 22, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
November 30 to 08, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
quick links
get in touch
Contact us:
+95 976 345 578
admin.kalasa@gmail.com
Location
Our address:
No. 91-93, 1st floor(left),
Seikkantha Street (Lower Block),
Kyauktada Township, Yangon.
© 2019-2023. All Right Reserved by Kalasa Art Space.