Detail image

Spiritual Alignment

"The 'Spiritual Alignment' exhibition by Artist Pe Nyunt Way beautifully blends art and yoga. Each painting acts as a serene meditation, capturing yoga's tranquility, balance, and inner peace. With detailed depictions of yoga poses and their energy balancing effects, the artworks are filled with vibrant colors and flowing lines, symbolizing the serenity and strength of yoga practice. This exhibition invites viewers to reflect and connect deeply with themselves through the artist's work. Inspired by the symbolism of the butterfly ('leik pyar' in Myanmar), representing the spirit, Artist Pe Nyunt Way skillfully integrates spirituality into his art. Influenced by artists like William Blake and René Magritte, artist infuses his creativity with a free spirit. Through color and posture, the Yoga series aims to align spirituality with artistic expression. Artist Pe Nyunt Way's creation reminds us of the importance of spiritual alignment, especially during difficult times, encouraging us to focus on the connection between mind, body, and spirit. This exhibition is a powerful reminder of inner peace and harmony through art." "Our Kalasa Art Space proudly presents Pe Nyunt Way's Solo Exhibition, 'Spiritual Alignment,' in honor of International Yoga Day on June 21, 2024." “ Spiritual Alignment “ ပြပွဲဟာ ယောဂနဲ့ အနုပညာကို လှလှပပ တွဲဖက် ဖန်တီးပုံဖော်ထားတဲ့ ဆရာဖေညွန့်ဝေရဲ့ တကိုယ်တော်ပြပွဲပဲ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ယောဂစီးရီးမှာ ယောဂရဲ့ သဘောတရားတွေဖြစ်တဲ့ တည်ငြိမ်မှုသဘောတရားနဲ့အတူ အတွင်းစိတ်သန္တာန်အေးချမ်းမှုတို့ကိုပါရစေတဲ့ သမထသဘောများ (balance & Meditation) ကို ပုံဖော်ထားပါတယ် ။ ယောဂရဲ့ ကျင့်စဥ် ဟန်ပန် (Posture) မျိုးစုံ၊ ခွန်အားနဲ့ ခန္ဓာကိုယ်အားမျှမှု (Energy balance) ကိုပိုပြီးပေါ်လွင်စေဖို့ အတွက် ဖန်တီးသူဟာ သူအားသာတဲ့ ပန်းချီသဘောတရားများထဲကမှ မျဉ်း( line ) နဲ့ အရောင်အားအနုအရင့် (color, tone & value) တို့ကို အားပြုပုံဖော် ဖန်တီးထားတာတွေ့ရပါတယ်။ ယောဂရဲ့ အေးချမ်းမှုနဲ့အတူ ခွန်အားဖြစ်စေမှုတို့ကိုပါ သင်္ကေတပြုထားတာလည်း ဖြစ်ပါတယ်။ ပန်းချီကားတော်တော်များများမှာ ယောဂရဲ့ကျင့်စဥ်ဟန်ပန် (posture) များအပြင် လိပ်ပြာများကို ထည့်သွင်းဖန်တီးထားပါတယ်။ လိပ်ပြာဆိုသည်မှာ မြန်မာအယူအရ နာမ် ဝိဉာဉ် ( spirit ) ကိုဖော်ပြနေပြီး Spirituality ကိုပါအနုပညာနဲ့အတူ သင်္ကေတပြုဖော်ပြထားခြင်းသဘောပါပဲ။ Artist ကြိုက်နှစ်သက်ရတဲ့ ကမ္ဘာကျော် ပန်းချီဆရာတွေ ဖြစ်တဲ့ William Blake နဲ့ Rene Magrittee တို့ရဲ့ လက်ရာတွေကို လေ့လာခံစားနေရင်းက သူ့ဖန်တီးမှုကိုလည်း ပိုဉာဏ်အလင်းပွင့်စေခဲ့တယ် လို့ ဆရာဖေညွန့်ဝေက ဆိုပါတယ်။ တကယ်တော့ ဆရာဖေညွန့်ဝေရဲ့ ယောဂစီးရီးဟာ ယောဂရဲ့ ကျင့်စဥ်ဟန်ပန်တွေ (Posture ) နဲ့ သူရဲ့ အာရုံဝင်စားဖန်တီးမှုသဘောတရားတွေကနေတဆင့် spirituality နဲ့ Artistic Expression ကိုပါ တွဲလျက်ခံစားရစေပါတယ်။ ဆရာဖေညွန့်ဝေရဲ့ ယောဂစီးရီးကို ခံစားကြည့်ရှုနေရင်းက လူတစ်ဦးချင်းစီရဲ့ ဥာဏ်အလင်းပွင့်မှု (Spiritual Alignment) ရဲ့ အရေးပါပုံနဲ့ စိန်ခေါ်မှု (challenge) များလွန်းလှတဲ့ယခုလိုကာလမှာ ကိုယ့်ရဲ့ စိတ်၊ ရုပ်၊ ဝိဉာဉ် ( Mind ၊ body & spirit ) တို့ရဲ့ အနားသတ်ခြင်းဆက်သွယ် (connection) မိဖို့ကို အာရုံစိုက်အလေးထား လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ….. တကယ်တော့ ဆရာဖေညွန့်ဝေရဲ့ Spiritual Alignment ပြပွဲဟာ အတွင်းစိတ်သန္တာန်အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုဟာ ဒီကာလမှာ အလွန်အရေးကြီးကြောင်းကို အနုပညာကနေတဆင့် အလင်းဖွင့်ပေးလိုက်သလိုမျိုးပါလားလို့ ခံစားမိပါတယ်။ ဒါ့ကြောင့်လည်း ဆရာ့ရဲ့ ယောဂစီးရီးကို Spiritual Alignment အမည်နဲ့ တကိုယ်တော်ပြပွဲလေးဖြစ်မြောက်အောင် International Yoga Day မှာ ကလသာပြခန်းမှ ဂုဏ်ယူစွာ စီစဉ်လိုက်ရပါတယ်။

June 21 to 30, 2024
10:00 AM to 5:30 PM
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

Related Events

event 54

Rahula & Mg Ko Oo Exhibition

March 27 to 31, 2024

At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

event 59

Yoe Yar Yaung Chyi

May 25 to 02, 2024

At 📌အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

event 58

Nicholas Paterson Paintings 2009-2024

May 10 to 19, 2024

At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

event 60

Watercolor Memories; Late Masters' Artworks

June 09 to 16, 2024

At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

event 56

Soulful Duet Exhibition

February 23 to 03, 2024

At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

logo

A Space of sharing ART for all generations

social iconsocial iconsocial icon

get in touch

Contact us:

+95 976 345 578

admin.kalasa@gmail.com

Location

Our address:

No. 91-93, 1st floor(left),

Seikkantha Street (Lower Block),

Kyauktada Township, Yangon.

© 2019-2023. All Right Reserved by Kalasa Art Space.