Fish have long been symbols of freedom, happiness, and abundance. For artist Sai Tun Oo, fish are more than just a subject of his paintings—they are his passion, his inspiration, and his path to artistic liberation. He observes their graceful movements, cares for them, and finds peace in their presence. This deep connection gives life to his art. In Eastern beliefs, fish represent liberation from suffering, a theme that resonates deeply with the artist. Through his flowing brushstrokes and expressive lines, Sai Tun Oo captures the energy and spirit of fish, creating a sense of movement and vitality on canvas. His paintings are not just about fish; they reflect a feeling of freedom and joy. What sets Sai Tun Oo’s work apart is his unique creativity, love for nature, and deep understanding of fish. His art blends Burmese cultural strokes with lively forms, making each piece vibrant and full of life. Through Liberation of Fish, Sai Tun Oo invites viewers to experience the calmness, prosperity, and boundless freedom that fish symbolize. His paintings offer a moment of peace—an escape into a world where life flows freely, just like fish in water. ချစ်စရာငါးလေးတွေကို လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကြွယ်ဝချမ်းသာခြင်း တိုရဲ့အဓိပ္ပါယ်အဖြစ်ကောက်နှုတ်ဖော်ပြတတ်ကြပါတယ်။ Artist Sai Tun Oo အတွက်တော့ ငါးလေးတွေဟာ သူပန်းချီရေးတဲ့ အကြောင်းအရာ Subject တစ်ခုဆိုတာထက်ပိုပါတယ်။ သူဟာ အလှမွေးငါးလေးတွေကို အင်မတန် မြတ်နိုးတတ်သူဖြစ်ပြီး သူ့ရဲငါးလေးတွေကို တယုတယ ဂရုစိုက်ရတာကို သဘောကျသူပါ။ ငါးလေးတွေကို အရိပ်တကြည့်ကြည့် ကြည့်ရှုစောင့်ရှောက်နေရရင်ကိုက သူ့အတွက်စိတ်ကြည်နူးစေနေတာမျိုး ခံစားရသူပါ။ ဒီလိုခံစားချက်အကြောင်းအရာတွေကြောင့်ပဲ သူဟာ သူချစ်တဲ့ငါးလေးတွေကို သူဖန်တီးတဲ့အနုပညာအဖြစ်ပြောင်းလဲဖြစ်ခဲ့တာပါ။ အရှေ့တိုင်းယုံကြည်မှုမှာ ငါးလေးတွေကို “ Liberation from Suffering “ ဒုက္ခမှလွတ်မြောက်ရာ ဆိုတဲ့အဓိပ္ပါယ်နဲ့ယုံကြည်မှုရှိကြပါတယ်။ ဒီအဓိပ္ပါယ်ဟာ ဖန်တီးသူပန်းချီဆရာအတွက် အလွန်အဓိပ္ပါယ်ရှိစေပါတယ်။ သူ့ရဲ့ စုတ်ချက် ၊ ကနုတ်လက်ရာနဲ့ သူချစ်တဲ့ငါးလေးတွေကို စိတ်တိုင်းကျဖန်တီးနေခွင့်ရခြင်းဟာ သူ့အတွက် စိတ်ပူပန်စရာ အရာအားလုံးကနေ ဖယ်ခွါခွင့်ရစေပြီး အေးချမ်းပျော်ရွှင်မှုကို ရစေလိုပါပဲ။ ရွှေငါးပန်းချီကားများကို ပန်းချီဆရာတော်တော်များများဖန်တီးလေ့ရှိကြသော်ငြား Artist စိုင်းထွန်းဦး ရဲ့ ရွှေငါးတွေက အများနဲ့မတူ ထူးလို့ကွဲထွက်နေတာက သူချစ်တဲ့ရွှေငါးတွေကို အသက်ဝင်အောင် ဖန်တီးနိုင်တာအပြင် သူ့ကျွမ်းကျင်ပိုင်နိုင်လှတဲ့ မြန်မာကနုတ်နွဲ့နွဲ့လိုင်းလေးတွေဟာ လွတ်လပ်လှတဲ့ ငါးလေးတွေနဲ့အပြိုင် လှလိုနေခြင်းဖြစ်ပါတယ်။ Liberation Of Fish အမည်ပေးထားတဲ့ Artist စိုင်းထွန်းဦးရဲ့ ပထမအကြိမ် တကိုယ်တော်ပြပွဲမှာ စိတ်အေးချမ်းခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊ လွတ်လပ်ခြင်းတို့ရဲ့ အတိတ်နမိတ်ကိုဖော်ကြူးနေတဲ့ ရွှေငါးပန်းချီကားလေးတွေရဲ့အလှကို ကြည့်ရှုခံစားခွင့်ရမှာပဲဖြစ်ပါတယ်။ ရေထဲမှာ လွတ်လပ်စွာစီးမြောနေတဲ့ ငါးလေးတွေလိုပဲ ဘဝအမောတွေကို ခဏတာဖြေဖျောက်ကာ စိုင်းထွန်းဦးရဲ့အနုပညာနဲ့ ပန်းချီကားတွေရဲ့အလှမှာ ခဏတာစီးမြောရင်း လွတ်လပ်အေးချမ်းပျော်ရွင်မှုတွေကို တဝကြီးခံစားနိုင်ဖို့ အနုပညာချစ်သူအပေါင်းကို ပန်းချီပြပွဲ လာရောက်ကြည့်ရှုခံစားဖို့ဖိတ်ကြားလိုက်ပါတယ်။
June 21 to 30, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
November 01 to 17, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
December 14 to 22, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
July 27 to 31, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
May 25 to 02, 2024
At 📌အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
September 07 to 11, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
quick links
get in touch
Contact us:
+95 976 345 578
admin.kalasa@gmail.com
Location
Our address:
No. 91-93, 1st floor(left),
Seikkantha Street (Lower Block),
Kyauktada Township, Yangon.
© 2019-2023. All Right Reserved by Kalasa Art Space.